International News

SHKP သည် ပြန်လည်တိုးတက်လာစေရန် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖြေလျော့ပေးခြင်း

Last Updated:

ဟောင်ကောင်ဒေသ၏ ဈေးကွက်တန်ဖိုးတွင် အင်အားအကြီးဆုံး အိမ်ခြံမြေလုပ်ငန်းဖြစ်သည့် Sun Hung Kai Properties (SHKP) သည် ဟောင်ကောင်ဒေသ၌ စီးပွားရေးကျဆင်းမှုများမှ ဆွဲထုတ်နိုင်ရန်၊ လက်လီရောင်းချမှုများနှင့် ဟိုတယ်လုပ်ငန်းများ ပြန်လည်တိုးတက်လာရန် ဘဏ်လုပ်ငန်းများအပေါ် သတ်မှတ်ထားသည့် COVID-19 ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ခဲ့ကြောင်း၊ လုပ်ငန်းပြန်လည် တိုးတက်ကောင်းမွန်ရန်မှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 အခြေအနေနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုများ ပြန်လည်ဖွင့်ပေးခြင်းတို့အပေါ် မူတည်နေကြောင်း၊ COVID-19 ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးမှုများမှာ အိမ်ခြံမြေရောင်းချမှုများနှင့် ငှားရမ်းမှုများမှ ဝင်ငွေရရှိမှုများနှင့် ဟိုတယ်လုပ်ငန်းများအတွက် အရေးပါကြောင်း၊ COVID-19 ဖြစ်ပွားမှုနှင့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကြောင့် ဟောင်ကောင် ဒေသ၏ စီးပွားရေးမှာ ဒုတိယလေးလပတ်အတွင်း (၉) ရာခိုင်နှုန်းလျော့ကျခဲ့ရာ ၂၀၁၉ ခုနှစ်၊ ကာလတူ နှိုင်းယှဉ်လျှင် အဆိုးရွားဆုံး ‌လျော့ကျခဲ့ ခြင်းဖြစ်ကြောင်း၊ လူအချင်းချင်းခပ်ခွာခွာနေထိုင်မှုများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ Gymsများ၊ ပြတိုက်များ ပြန်လည်ဖွင့်လှစ်ခြင်း နှင့် အချိူ့သောနိုင်ငံများနှင့် ခရီးသွားလာမှုများ ပြန်လည်ဖွင့်လှစ်ရန် အစရှိသည့် COVID-19 ကန့်သတ်ချက် စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ရန်အတွက် မကြာခင်ရက်သတ္တပတ်က ဟောင်ကောင်ဒေသအစိုးရမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟိုတယ်များတွင် လာရောက် တည်းခိုသူများမှာ ၂၀၂၀ ပြည့်နှစ်၊ အစောပိုင်းက (၆၈) ရာခိုင်နှုန်းရှိရာမှ ဇူလိုင်လတွင် (၄၉) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ SHKP ၏ အသားတင်အမြတ်မှာ ၃၀-၆-၂၀၂၀ ရက်နေ့အထိ(၄၇.၆) ရာခိုင်နှုန်း၊တန်ဖိုးအားဖြင့်ဟောင်ကောင်‌ဒေါ်လာ (၂၃.၅)ဘီလီယံ လျော့ကျခဲ့ ကြောင်း၊ ဟောင်ကောင် ဒေါ်လာ (၅.၅) ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်မှုပစ္စည်းများအတွက် တန်ဖိုးပြန်လည်သတ်မှတ်ရာတွင် အမြတ်ငွေ (၉.၄) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ (၂၉.၄) ဘီလီယံ လျော့ကျခဲ့ကြောင်း၊နောက်ဆုံးအမြတ်ငွေ ခွဲဝေပေးမှုအား ရှယ်ယာတစ်ခုလျှင် ဟောင်ကောင်ဒေါ်လာ (၃.၇၀) ဒေါ်လာ အဆိုပြုခဲ့ကြောင်း၊ အိမ်ခြံမြေ အခန်းငှားရမ်းမှုနှုန်းတွင် ယခင်နှစ်အစောပိုင်းက ရရှိခဲ့သည့် အမြတ်‌ငွေဟောင်ကောင်ဒေါ်လာ (၁.၄၃)ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ဟောင်ကောင်ဒေါ်လာ (၃၃၀) မီလီယံ ဆုံးရှုံးခဲ့ကြောင်း၊ SHKP ပိုင်ဆိုင်သည့် Four Seasons Hotel Hong Kong ၊ Hyatt Centric Victoria Harbour နှင့် St Regis Beijing အစရှိသည့် ဟိုတယ်များပါဝင်သည့် ဟိုတယ် (၁၁) ခုမှာ အခန်း (၆၀၀၀) ခန့် ငှားရမ်းမှုများရှိနေပြီး တိုက်ခန်း စီမံကိန်း(၃) ခုတို့မှာလည်း တည်ငြိမ်သည့် အခြေအနေတွင်ရှိကြောင်း၊ Sha Tin မြို့သစ်ရှိ New Town Plaza အစရှိသည့် ဈေးဝယ်စင်တာများသည်လည်း SHKP ၏ ရင်းနှီးမြှုပ်နှံထားမှုတွင် ပါဝင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်း လက်လီအရောင်းဆိုင်များ၏ အခန်းငှားရမ်းခများကို (၃၀) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းအထိ လျှော့ချ‌ ပေးခဲ့ရာ တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ (၁) ဘီလီယံရှိကြောင်း၊  COVID-19 ကန့်သတ်ချက် စည်းမျဉ်းစည်းကမ်းများမှာ ကြာရှည်နေမည် ဖြစ်ရာကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုများမှာလည်း ထိန်းချုပ်ခံနေရမည်ဟု မျှော်လင့်ထားကြကြောင်း၊ ဟောင်ကောင်ဒေသ အနေဖြင့် တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်လာမှုကြောင့် လည်းအကောက်ခွန်တိုးမြှင့်၍ ပြည်ပကုန်သွယ်ရေးယှဉ်ပြိုင်မှုများ တိုးတက်လာခြင်းနှင့် နိုင်ငံရေး မူဝါဒများနှင့် ပတ်သက်၍လည်း စွန့်စားမှုများ ရှိနေသောကြောင့်  စီးပွားရေးပြန်လည်ကောင်းမွန် လာရန်အတွက် ထပ်မံ၍ စိန်ခေါ်မှုများနှင့် မသေချာမရေရာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဈေးဝယ်စင်တာများနှင့် ဟိုတယ်များ အစရှိသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်ရန်မှာ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုများ အထူးသဖြင့် တရုတ်ပြည်မကြီးနှင့် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးရန် အချိန်ကိုက်ဆောင်ရွက်ရန် လိုအပ်သော်လည်း မသေချာမှုများ ရှိနေကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Lam Ka-sing က “SHKP banks on easing of virus rules to revive growth” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင် )

Category: International News